Sale!

30LED ဆိုလာမီးအိမ်

Ks15,000.00 Ks10,000.00

Description

30LED ဆိုလာမီးအိမ်

ုဈေးနှုန်း – 10000/- ကျပ်

သက်ရှိလောကကြီး ရေရှည်တည်တံ့စေဖို့
လောင်စာသုံးလျှပ်စစ်စွမ်းအင်၊
ရေအားလျှပ်စစ်စွမ်းအင်တို့ကို လျှော့ချပြီး
သယံဇာတလည်းမပျက်စီး၊ လေထုကိုလည်း မထိခိုက်စေတဲ့
နေစွမ်းအင်သုံး ဆိုလာစနစ်တွေကို အများအပြား သုံးလာကြပါပြီ။

🍀 ပတ်ဝန်းကျင်ညစ်ညမ်းမှုကို မဖြစ်စေတဲ့ ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်သုံးဆိုလာစနစ်

🍀 အမြဲလင်းနေခြင်းမဟုတ်ပဲ လှုပ်ရှားမှုရှိမှ (လိုအပ်မှ) လင်းပေးတဲ့ PIR ခေါ် လှုပ်ရှားမှုစောင့်ကြည့်ဆင်ဆာစနစ်

🍀 စွမ်းအင်ကိုအနည်းဆုံးစားပြီး လင်းအားကို အပြင်းဆုံးပေးစွမ်းနိုင်တဲ့ အလင်းမျိုးဆက်သစ် COB LED

ဒီစနစ်သုံးမျိုးကို ထည့်သွင်းထားတဲ့ အိမ်သုံး၊ ခြံဝန်းသုံး၊ ဥယျာဉ်ခြံသုံး၊ စင်္ကြန်လမ်းသုံး၊ Out Door Light တစ်ခု ဖြစ်ပါတယ်။

ဆိုလာစနစ်မှာ 0.55W ရှိပြီး အတွင်းဘတ္ထရီမှာ 3.7V 4800mah ရှိတာမို့ နေပြင်ပြင်းပူရင် ၆နာရီသာ အားသွင်းရပြီး တိမ်ထူထပ်ရင် ၈နာရီကြာ အားသွင်းရပါတယ်။ ဆက်တိုက်ပြန်ထွန်းရင် ၄နာရီကြာ ထွန်းနိုင်တဲ့ စွမ်းအင်ရှိပြီး PIR ဆင်ဆာစနစ်နဲ့ လှုပ်ရှားမှုတွေ့မှ လင်းပေးတာမို့ လူသွားလူလာများတဲ့လမ်းမှာထွန်းရင် ၈နာရီ/၁၀နာရီလောက် ထွန်းနိုင်ပါတယ်။ နေပူလာတာနဲ့ ပြင်ပအလင်းရတာနဲ့ မီးမလင်းတော့ပဲ နေရောင်ခြည်က စွမ်းအင်ကို စုပ်ယူအားသွင်းပေးတဲ့အလုပ်သာ လုပ်ပါတော့တယ်။

လျှပ်စစ်မီး တကယ်ပိုလျံနေတဲ့ ဂျပန်လို နိုင်ငံမှာတောင် ရေချိုးခန်း/အိမ်သာတွေမှာ PIRစနစ် မီးလုံးများ တပ်ထားတာမို့ အိမ်သာတက်တာကြာရင် အလိုအလျောက် မီးပိတ်ပိတ်သွားပါတယ်။ မီးလုံးရှေ့ လက်လှုပ်ပြမှ မီးပြန်လင်းတဲ့အကြောင်း လျှပ်စစ်မီးကို အင်မတန်ချွေတာတတ်တဲ့အကြောင်း ဂျပန်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းများက ဂုဏ်ယူဝံ့ကြွားစွာ ပြောလေ့ရှိကြပါတယ်။ နိုင်ငံကြီးအတော်များများရဲ့ ဘတ်စ်မှတ်တိုင်၊ ဘူတာ၊ ပန်းခြံတွေမှာ တစ်နေကုန်ထိန်ညီးနေအောင် ထွန်းတဲ့စနစ်အစား လိုအပ်မှ လူလာမှ လင်းပေးတဲ့စနစ်ကိုသာ သုံးကြပါတော့တယ်။ မြန်မာနိုင်ငံက ခြံကြီး ဝန်းကြီးနဲ့နေတဲ့သူတွေကြား PIRစနစ်က သိပ်မစိမ်းတော့ပါဘူး။ ဘုန်းတော်ကြီးကျောင်း၊ တရားရိပ်သာ၊ စာသင်ကျောင်း၊ သင်တန်းကျောင်း၊ တောရကျောင်းတို့မှာ အရမ်းအသုံးဝင်တဲ့ မီးဖွင့်ပိတ်စနစ်ပါ။

Wall Light မှာပါတဲ့ PIR စနစ်က ရှေ့၁၂၀ဒီဂရီ ၁၅ပေအတွင်း လူဖြတ်သွားတာနဲ့ မီးဖွင့်ပေးပါတယ်။ အမြင့်မှာထားရင်တော့ လူဖြတ်မှပဲ လင်းပါမယ်။ အနိမ့်မှာ တပ်ထားရင်တော့ ခွေးတို့ ကြောင်တို့ ဖြတ်သွားရင်လည်း လင်းပါတယ်။ အလင်းကြာချိန် ၃၀စက္ကန့်သာ ပေးထားတာမို့ လှုပ်ရှားမှုမတွေ့တဲ့အချိန်ကစပြီး မိနစ်ဝက်ကြာရင် အလိုအလျောက် ပြန်ပိတ်ပါတယ်။ အိမ်ရှေ့ဆင်ဝင်၊ ခြံတံခါးတိုင်တို့မှာ တပ်ထားရင် လူလာ လူကပ်တာနဲ့ ဘဲလ်တီးစရာမလို တန်းသိနိုင်တဲ့အနေအထားမျိုးပေါ့။

အရင်ကဆို ဝပ်၂၀၀၀လောက်ရှိတဲ့ နီယွန်မီးတွေနဲ့ လမ်းမီးထွန်းကြပေမယ့် ခုခေတ်မှာ COB LED တွေ ပေါ်လာတာကြောင့် ဝပ်၈၀လောက်သုံးရင်ပဲ ယခင်နီယွန်မီး/ မာကျူရီမီးတွေထက် ပိုလင်းတာကြောင့် အတော်များများလမ်းမီးတွေ မီတာစားသက်သာတဲ့ COB LED နဲ့ ပြောင်းလဲတပ်ဆင်ကုန်ကြပါပြီ။

ခု Solar Wall Light လေးကလည်း 98x125x50mm လက်တစ်ဝါးစာသာ ရှိပေမယ့် ပေ၃၀ပတ်လည် လင်းနိုင်ပါတယ်။ လင်းအား၊ စွမ်းအင်သုံးအားတို့နဲ့ လိုက်ဖက်မယ့် စွမ်းအင်သွင်းအားပြင်းပြင်းဆိုလာစနစ်ကို သေချာတွက်ချက် ထုတ်လုပ်ထားတာကြောင့် နေ့စဉ် နှစ်ပေါက်အောင် အသုံးခံပါတယ်။ အတွင်းဘတ္ထရီက ၁နှစ်အထိ စွမ်းအင်ပြည့်သုံးနိုင်ပြီး ၁နှစ်ကျော်သွားရင်တော့ ပြန်လဲထည့်ပေးရပါတယ်။ ဆိုလာနဲ့ COB LED တို့ကလည်း နှစ်ရှည်ခံ မကျွမ်းနိုင်တဲ့ ပစ္စည်းများဖြစ်တာမို့ ဓါတ်ခဲလဲတဲ့ကိစ္စသာ အပိုကုန်ကျစရိတ်ရှိပါမယ်။ ဓါတ်ခဲကလည်း တစ်လုံးမှ ၁၅၀၀ကျပ်သာ ရှိတာမို့ အပိုပစ္စည်းအတွက် သိပ်ကြောင့်ကြစိုက်စရာမလိုပါ။

မိုးထဲရေထဲ တပ်ဆင်ထားနိုင်တဲ့ အကြမ်းပတမ်းခံ မီးအိမ်ပါ။

တောဘက်၊ နယ်ဘက် လျပ်စစ်မီးမရတဲ့ဒေသတွေမှာ တပ်ဆင်ဖို့ အကောင်းဆုံး ဆိုလာမီးဖြစ်ပြီး မြို့ကြီးပြကြီးတွေက ခြံဝန်းတွေမှာ ကြိုးသွယ်စရာမလို လျှပ်စစ်မီးလာလာ/ မလာလာ အလုပ်လုပ်ပေးနေမယ့် လစာမဲ့ ခြံစောင့်ဝန်ထမ်းလည်းဖြစ်ပါတယ်။

Specifications:
Solar Panel: 0.55W
Rechargeable battery: 3.7V 4800mah
LED quantity: 30 LED
Power: 0.2W / LED
Material: ABS + PC
Protection class: IP65
Charging time: 6 ~ 8 hours
Size: 98x125x50mm
Weight: 143g (with packaging)

(လင်းအားပြင်းတဲ့ LED အလုံး၃၀နဲ့ ၎င်းမီးအားကို ပြည့်အောင် သွင်းပေးနိုင်တဲ့ အရည်အသွေးမြင့်ဆိုလာစနစ်ဖြစ်တာကြောင့် အခြားပုံစံတူ မီးအလုံးရေနည်းသည့် Wall Light များနှင့် ဈေးတန်းမနှိုင်းယှဉ်စေလိုပါ။)

⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️
==================================================

⛩️ဆိုင်ဖွင့်ထားပီး ပစ္စည်းများအားလုံး In stock ထားကာ Retail ရောင်းပါတယ်။ဆိုင်မှာ
မျက်မြင် ကြည့်ရှု့ပီး ကိုယ်တိုင် ကိုယ်ကျ လာရောက်၍ ရွေးချယ် 🛒ဝယ်ယူနိုင်သလို…
🌐လာရောက်မဝယ်နိုင်လို့/အဝေးကမလို့ ပို့ပေးပါ ဆိုလျင်လည်း သင့်တင့်သော ပို့ဆောင်ခဖြင့်
🇲🇲 မြန်မာတနိုင်ငံလုံး သို့ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ရအောင် 🚕 ပို့ဆောင်ပေးပါတယ်။
ပုံထဲကနှင့်အပြင် ပစ္စည်း/ကွာလတီ တထပ်တည်း ကျရန် 💯 အာမခံပါသည်။
📦ပစ္စည်း မှာယူမယ် ဆိုရင်
📝Cbကနေမှာမယ်ဆို
👉ဝယ်ယူလိုသောပစ္စည်း ပုံ
အရေအတွက်
👉မှာယူသူနာမည်
👉ဖုံးနံပတ်
👉လိပ်စာ
ပြည့်စုံစွာရေးထားပေးပါ ခင်ဗျာ။
☎ဖုံးဖြင့်မှာယူမယ်ဆို
Hotline ✆ 09974413514 ကို တိုက်ရိုက်ဆက်သွယ်ဝယ်ယူပါ။
ဖုံးဆက်➡ငွေလွှဲ➡ပစ္စည်းပို့ ပေးပါတယ်။
(စာတိုက်ပို့/ကားတင်ပို့/အိမ်အရောက်ပို့ ဘယ်လိုပို့ပို့~ငွေချေပီးမှသာ ပစ္စည်းပို့ ပေးပါတယ်)
💰 ငွေလွှဲရန် 💰
Bank account နဲ့ပေးချေမယ်ဆိုရင်

ဦးနန္ဒာထွန်း

29430199901405101 ( KBZ )
0101600100065347 ( CB )
0052201010051222 ( AYA )
004110190000803 ( YOMA Smart Acc )
004144118000447 ( YOMA Saving Acc )
003100100079917 ( UAB )
0880131088003179017 ( MAB )
09402521913 ( CB Pay Acc )
09402521913 ( KBZ Pay Acc )

Bank ပိတ်ရက်ဆိုရင် ဖုန်းနံပါတ် 09974413514 ကို
Wave Money
Mytel Pay
M ပိုက်ဆံ
စတာတွေ နဲ့ လွှဲပေးလို့ရပါတယ်။
မည်သည့် အကောင့်မျှ လုံး၀ လုံး၀ မသုံးပါ။
အကုန်လုံး ရိုးရိုးသာ လွှဲပေးရပါမယ်။

ငွေလွှဲပီး ✆ 09974413514 ကိုဖုံးလေးတချက် ဆက်ပေးပါ ခင်ဗျာ။(လူရောပီး မမှားအောင်ပါ)
⏱️ဆိုင်ဖွင့်ချိန်~ပိတ်ချိန်
🔓မနတ် ၉ နာရီ
🔒ညနေ ၆ နာရီ

🇲🇲ဆိုင်လိပ်စာ🇲🇲

ရွှေမန်းလေး စတိုး
၃၅လမ်း ၇၂-၇၃ကြား
မန္တလေးမြို့
လမ်းမြောက်ဖက်ခြမ်း
မောင်ကံထူးစတိုး နှင့် ကပ်လျက်
ဖုန်း
09974413514
09790412003

မိတ်ဆွေများ ခင်ဗျား
ကျွန်တော်တို့ ရွှေမန္တလေး စတိုး ဆိုင်သည် သက်ဆိုင်ရာ အစိုးရဌါနတွင်
တရားဝင် ပိုင်ရှင်အမည် ဦးနန္ဒာထွန်း လုပ်ငန်းလိုင်စင် အမှတ် ( လူသုံးကုန်ပစ္စည်း ၂/၈၉၂ ) ဖြင့်
တရားဝင် ရောင်းချနေသော စတိုးဆိုင်ဖြစ်သောကြောင့်
မိတ်ဆွေများ အလိုရှိသော ပစ္စည်းများကို
စိတ်ချ ယုံကြည်စွာ ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။

မိတ်ဆွေ အကယ်၍ ယခုအချိန် မလိုအပ်သေးလို့ စိတ်မဝင်စားပါကလည်း
နောက်တစ်ချိန် လိုအပ်လာသည့် အခါတွင် အလွယ်တကူ ဆက်သွယ်ဝယ်ယူနိုင်ရန်၊
မိတ်ဆွေ အပေါင်းအသင်းများ လိုအပ်သည့်အခါ လမ်းညွှန် နိုင်ရန်
မိမိ၏ Wall တွင် Post ကို Share ခြင်းဖြင့် သိမ်းဆည်း ထားနိုင်ပါသည်။

***********************************************************************************************

Reviews

There are no reviews yet.

Be the first to review “30LED ဆိုလာမီးအိမ်”

Your email address will not be published. Required fields are marked *