Sale!

NATO ငရုတ်ကောင်း စပရေးဗူး

Ks15,000.00 Ks8,000.00

Description

NATO ငရုတ်ကောင်း စပရေးဗူး

အသေး – ၆၀၀၀ ကျပ်
အကြီး – ၈၀၀၀ ကျပ်

ဆိုင်လာဝယ်လဲ ဒီဈေးပါဘဲ

ငရုတ်ကောင်း စပရေး သုံးဖူးသူများ၏ ပြောပြချက်များ

” ကျမက စတိုးဆိုင်တစ်ခုမှာ ညဆိုင်းအလုပ်လုပ်ရတယ်။ အိမ်ပြန်တဲ့အခါ ည၁၂နာရီ ၁နာရီလောက် ဆိုတော့ ရပ်ကွက်ထဲ လူတအားပြတ်တယ်။ အရင်က ဓါးတွေ ကျင်စက်တွေ ဆောင်ထားတာ။ လှည့်ကင်းနဲ့တွေ့လို့ စစ်ရင် အမှုမသေးဘူးဆိုတာနဲ့ ငရုတ်ကောင်းစပရေးပဲ ဆောင်တော့တာ။ တော်ရုံ အယောက်၂၀လောက်တော့ အသာလေးဖြန်းပြီး ခွေလဲသွားချိန် ပြေးလို့ရတယ်။ ”
” ကျနော်က တောထဲ သစ်ထုတ်လုပ်ရေးလုပ်တာ။ တခါတလေ လွှတိုက်နေရင်း ဝက်ဝံတွေ ကျားတွေ လာတတ်တယ်။ အဝေးကနေ ဖြန်းလိုက်တာနဲ့ လှစ်ခနဲပြေးတော့တာ”

” ဟိုအရင်လက ညဘက်ကြီး ကျနော့်ကားရှေ့ကနေ ဒိုင်နာကားကြီးနဲ့ ရုတ်တရက် ဖြတ်ကွေ့တာ။ တိုက်မိတော့မလို့ ကံကောင်း။ ဘရိတ်အုပ်မြန်လို့သာပေါ့။ ကျနော်လည်း အော်ဆဲပလိုက်တယ်။ ဒေါင်းဇားက ကားဘီးဖြုတ်တဲ့ ဂေါက်တံကိုင်ပြီး ဆင်းလာတာ။ ကားမှန်ဖွင့်ပြီး ငရုတ်ကောင်းစပရေးနဲ့ ဖြန်းပလိုက်တာ။ လဲကျပြီး အားဘားဘားနဲ့ အော်ကျန်ခဲ့တယ်။ ညဘက် တက္ကစီမောင်းတော့ ငရုတ်ကောင်းစပရေး ဘူးကြီးကို ဆောင်ထားရတယ်ဗျ”

” ဓါတ်လှေကားထဲမှာ တခါကြုံဖူးတယ်။ ဝင်လာထဲက အရက်နံ့ကို ထောင်းနေတာပဲ။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငရုတ်ကောင်းစပရေးဘူးကို ကိုင်ထားလိုက်တယ်။ ကျမထင်တဲ့အတိုင်း ပုခုံးလာကိုင်ပြီး ပိုက်ဆံအိတ်ကြိုးကို ဆွဲချဖို့လုပ်တာ။ လှည့်ပြီး ငရုတ်ကောင်းစပရေးနဲ့ မျက်နှာတည့်တည့်ဖြန်းပြီး ချက်ချင်း ဓါတ်လှေကားတံခါးဖွင့် လုံခြုံရေးကို လှမ်းအော်ခေါ်ပြီး အပ်ခဲ့လိုက်တယ်။”

” ညက ကင်းလှည့်နေတုန်း ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ်ပြေးတဲ့ ငနဲတကောင်ကို ဖမ်းလိုက်တယ်။ တကောင်က ဆွဲကြိုးဖြတ်ပြီး ဆိုင်ကယ်နောက်ကထိုင်လိုက်တယ်။ တကောင်က ဆိုင်ကယ်ကို အသင့်စက်နှိုးထားပြီး မောင်းပြေးတာ။ ကျနော်တို့ အဖွဲ့နားမရောက်ခင် ငရုတ်ကောင်းစပရေးနဲ့ သူတို့ဘက်ဦးတည်ပြီး ဖြန်းလိုက်တယ်။ ဝါးတစ်ပြန်လောက်ပဲ မောင်းနိုင်တယ်။ ပစ်လဲကျတော့တာ။ ဘာမှပြန်မလုပ်နိုင်ဘူး။ လက်ထိပ်ခတ်။ စစ်ကြည့်တော့ ဆိုင်ကယ်ထဲမှာရော အိတ်ထဲမှာရော ဓါးမြောင်တွေနဲ့ဗျ။ ဒီတိုင်း ဝင်လုံးရင် မလွယ်ဘူး။”

” ဟိုနေ့ညက ကျမ ရှိုးပွဲကနေ အိမ်အပြန် တက္ကစီငှားစီးတော့ နှာဘူးက နမယ်တွေလာမေး၊ ဖုန်းနံပါတ်တွေတောင်းနဲ့ ။ ကျမ ဘာမှမပြောဘူး။ နောက်တော့ ဘလိုင်းကြီး ညီမ ရှော့ဘယ်လောက်လဲတဲ့။ ကျမတော်တော် ဒေါကန်သွားတယ်။ လူပြတ်တဲ့နေရာမို့ အေးဆေးပဲ လိုက်လာပြီး ကျမတို့အိမ်နားရောက်တော့ ဆင်းခါနီး ကားထဲ ငရုတ်ကောင်းစပရေး တဘူးကုန်အောင် ဖြန်းခဲ့ပေးလိုက်တယ်။ အဝေးကနေ တချက်လှမ်းကြည့်တော့ ဟတ်ချိုး ဟတ်ချိုးနဲ့ ရေသန့်ဘူးလေးငါးဘူးထုတ်ပြီး မျက်နှာတွေသစ်လိုက် ခေါင်းကို ရေလောင်းလိုက် လုပ်နေတယ်။ ဟိုကိုင် ဒီကိုင် လာလုပ်လို့ကတော့ မျက်နှာတည့်တည့် ဖြန်းပလိုက်မှာ”

” ကျမသမီးက ခုနှစ် ဆယ်တန်းလေ။ ညဘက် ကျူရှင်ကပြန်ရင် တခါတလေ မိုးချုပ်တယ်။ လူပြတ်တဲ့ နေရာကနေ ပြန်လာရတော့ တခါတလေ ငမူးတွေ ငကြောင်တွေက လိုက်ရစ်တယ်။ သမီးကို မှာထားတယ်။ သိပ်ကို လွန်လွန်ကဲကဲ ကိုယ်ထိလက်ရောက် လာလုပ်ရင်တော့ ငရုတ်ကောင်းစပရေးနဲ့ ဖြန်းပြီး ပြေးသာပြေး။ ဓါးနဲ့ထိုးတာမဟုတ်ဘူး။ ဘာပြစ်မှုမှ မဖြစ်ဘူး။ ဖြစ်သမျှ ပြဿနာ အမေလိုက်ရှင်းပေးမယ်လို့ မှာထားရတယ်။”

” ဒါတွေ မပေါ်ခင်တုန်းတည်းက စားသောက်ဆိုင်တွေမှာသုံးတဲ့ ငရုတ်ကောင်းမှုန့်ဘူး ဆောင်ထားတယ်။ အိတ်ထဲက ပစ္စည်းတွေလည်း ငရုတ်ကောင်းမှုန့်ထွက်ကျပြီး ပေရေလို့။ ခုလို သပ်သပ်ရပ်ရပ် ငရုတ်ကောင်းစပရေးဘူးလေး ဆိုတော့ စိတ်ချလက်ချ အိတ်ထဲဆောင်ထားလို့ရတယ်။ လိုအပ်ရင်လည်း ခပ်ဝေးဝေးထိ ဖျန်းလို့ရတယ်လေ။”

” ကျမက ခွေးသိပ်ကြောက်တာ။ ငယ်ငယ်တည်းက ခွေးကိုက်ခံရဖူးလို့ ခွေးမြင်ရင် ကြောက်နေတာ။ ညဘက် အိမ်ပြန်ရင် ခွေးများတဲ့လမ်းကို ဖြတ်လာရတော့ တခါတလေ လိုက်ဆွဲတယ်။ ပက်ပါစရေးနဲ့ ဖြန်းလိုက်တာ ခွေးတွေဟတ်ချိုးဖြစ်ကုန်ရော။ နောက်ဆို ကျမလာတာတွေ့ရင် ဝေးဝေးက ပြေးကုန်ကြရော။”

” တခါက အိမ်ထဲဖောက်ဝင်လာတဲ့သူခိုးကို ငရုတ်ကောင်းစပရေးနဲ့ ဖြန်းလိုက်တာ မျက်နှာအုပ်ပြီး တန်းပြေးတော့တာပဲ။ တိုက်ခန်းဆိုတော့ လှေကားမှာ ချော်လဲကျတာ။ ရပ်ကွက်က ရောက်လာပြီး ဝိုင်းဘေကြတာ။ ငနဲက တကောင်တည်းလာတာ။ ခါးကြားမှာ ဓါးမြောင်နဲ့ဗျ။ ကျနော်သာ လက်သီးနဲ့ထိုးရင် ကျနော် သေနေလောက်ပြီ။”

” ကျနော် ဈေးလုံခြုံရေးလုပ်လာတာ အနှစ်၂၀ကျော်ပြီ။ အဲ့နေ့ကလို ရစ်တဲ့ကောင်မျိုး တခါမှ မကြုံဖူးသေးဘူး။ ဈေးရှေ့ဆိုင်းဘုတ်နား သေးလာပန်းတယ်။ အရက်နံ့ကလည်း တထောင်းထောင်းနဲ့။ ဟေ့ယောင် သေးပေါက်ချင်လည်း မြောင်းဘေးသွားပန်းပါကွာလို့ အေးဆေးပြောနေတာကို ငါ့ကို မင်းက အမိန့်လာပေးနေတာလား။ ငါ့အဖေက ဘိုမှူးကွ။ မင်းတို့ဥပဒေမှာ လမ်းဘေးသေးမပေါက်ရ ချီးမယိုရပဲ ပါတယ်။ ဆိုင်းဘုတ်ဘေး သေးမပေါက်ရမပါဘူး။ ငါ့ဟာငါ ပါချင်ပါမယ်။ ပေါက်ချင်ပေါက်မယ်။ မင်းစောက်ပူမပါဘူး။ ဥပဒေဘောင်ထဲက ကျန်းမာရေးတာဝန် ထမ်းဆောင်နေတာကွ။ လို့ ပြန်ပြောတယ်။ နောက် ပုဆိုးပါလှန်ပြီး အီးယိုမယ့်ပုံ လုပ်နေပြန်လို့ spray နဲ့ ပက်ချပလိုက်တာ။ ဖင်ထိုင်လဲကျပြီး ကန်းပါပြီဗျ ဟောဒီမှာ ကျနော့ကို အက်ဆစ်နဲ့ပက်တယ်ဗျို့ ကယ်ကြပါအုံး ဆိုပြီး အသံပြဲနဲ့ အော်တော့တာပဲ။”

ငရုတ်ကောင်း စပရေး ဝယ်သူတို့ရဲ့ မေးခွန်းများ

ဝယ်ထားပြီး မသုံးပဲထားရင် ခန်းတတ်လား။ ဘယ်နှစ်နှစ်ထိ အထားခံလဲ။ Expire Date က ဘယ်တော့လဲ။

အပူချိန် ၄၀ဒီဂရီစင်တီဂရိတ်အထက် ပူတဲ့နေရာ၊ နေရောင်တိုက်ရိုက်ထိတဲ့နေရာ ထားရင် ခန်းတတ်ပါတယ်။ အများအားဖြင့် Expire Date ၃နှစ်/၅နှစ်အထိ ပေးထားပါတယ်။ ဒါပေမယ့် အေးမြခြောက်သွေ့တဲ့နေရာထားရင် ၁၀နှစ်ကျော်လည်း အာနိသင်မပျက်ပါ။ ငရုတ်သီးပဲဖြစ်ဖြစ် ငရုတ်ကောင်းပဲဖြစ်ဖြစ် စိုစု ခြောက်ခြောက် ဘယ်နှစ်နှစ်ထားထား စပ်သည်ချည်းသာ။ ဒိတ်ကုန်သွားလို့ အာနိသင်ပျက်သွားမှာမဟုတ်။ ပန်းအားနည်းသွားတဲ့သဘောသာ ရှိပါလိမ့်မယ်။

အရည်ကုန်သွားရင် ပြန်ထည့်လို့ရလား။ ပြန်ထည့်ခ ဘယ်လောက်ကျမလဲ။

ဂက်စ်မီးခြစ်တစ်ဘူးမှ ၁၀၀ကျပ်။ ဂက်စ်ပြန်ထည့်လည်း ၁၀၀ကျပ်။ အရင်ကဆို ကွမ်းယာဆိုင်တိုင်းလိုလို ဂက်စထည့်လို့ရတယ်။ ခုတော့ ဘယ်သူမှ ဂက်စ်မထည့်ကြတော့လို့ ဂက်စ်ထည့်ဆိုင် မရှိတော့သလို မီးခြစ်တွေကလည်း များများယူရင် ၆၀ကျပ်လောက်နဲ့ရနေပါပြီ။ ဆိုလိုတာက ၇၀၀၀တန် ငရုတ်ကောင်းစပရေးကို အရည်ပြန်ထည့်လို့ရတယ်ဆိုအုံးတော့။ ၁၀၀၀၀ပေးပါမယ်ဆိုရင်တောင် နှာမွှန်ခံ ဟတ်ချိုးချေခံပြီး ဘယ်သူက ထည့်မှာလဲဆိုတာ။ ပြန်ထည့်မယ့်အစား အသစ်တစ်ဘူးကိုပဲ ဘူးသန့်သန့်နဲ့ ၈၀၀၀ပေးဝယ်တာ ပိုပြီး စိတ်မချမ်းသာဘူးလား။

ဖြန်းလိုက်ရင် အကွာအဝေးဘယ်လောက် သက်ရောက်မှုရှိလဲ။

၅ပေအထိ တိုက်ရိုက် အရည်ထိပါတယ်။ ဘူကြီးဆို ၈ပေထိ ရောက်ပါတယ်။ အရည်ထိမှ သက်ရောက်မှုရှိတာမဟုတ်ပါ။ ၁၅ပေလောက်က အနံ့ကို ရှူမိလည်း စပ်ဖျင်းဖျင်း၊ နှာရည်ကျ၊ နှာချေ၊ မျက်ရည်ယို၊ နုံးချိသွားနိုင်ပါတယ်။

ဒါဆို ဖြန်းတဲ့သူ ကိုယ်တိုင်ရော မခံရဘူးလား။

သူများကို ရေမွှေးဆွတ်ပေး ဖြန်းပေးတဲ့အခါ အဖြန်းခံရတဲ့သူက အရင်အနံ့ရပါတယ်။ ပြီးမှ ဖြန်းသူက ရပါတယ်။ ဒီတော့ ဖြန်းပြီး ထိုင်အနံ့ခံနေလား။ ထွက်ပြေးမလား ဆိုတာ ကိုယ့်ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်ပါတယ်။ ဆက်ရှိနေရင်တော့ ခံရပါလိမ့်မယ်။ ထုတ်လုပ်တည်းက ဖြန်းပြီးပြေးဖို့ ကိုယ်တိုင်ကာကွယ်ရေးပစ္စည်းပါ။

ရဲတွေ့ရင် ဖမ်းနိုင်လား။

မလေးရှား၊ စင်္ကာပူတို့မှာတော့ ကျိန်းသေ ဖမ်းနိုင်ပါတယ်။ မြန်မာပြည်မှာတော့ ငြုပ်ကောင်းစပရေးဆိုပြီး သီးသန့်ဥပဒေထုတ်ထားတာမရှိသေးပါ။ အခြားကိစ္စတော့ ရည်ရွယ်ချက် တည်နေရာတို့ပေါ် မူတည်ပါတယ်။

၈၀၀၀တန်ဘူးဆိုရင် ဘယ်နှစ်ကြိမ် ဖြန်းလို့ရလဲ။

ရေမွှေးဘူး ခြင်ဆေးဘူး ၁ဘူးကို ဘယ်နှစ်ကြိမ်ဖြန်းလို့ရလဲဆိုတာမျိုး အတိအကျ ရေးထားတာ သုတေသနပြုထားတာ မရှိသေးသလို ငရုတ်ကောင်းစပရေးလည်း ထို့အတူသာ။ တကြိမ်တည်း ကုန်အောင်ဖြန်းပစ်ရင် ကုန်နိုင်သလို တအိအိ ဇက်ခနဲ ဇက်ခနဲ ညှစ်ကာမတ္တ ဖြန်းရင်တော့ အကြိမ် ၁၅၀လောက် ဖြန်းနိုင်ပါတယ်။

❤️❤️❤️❤️❤️❤️❤️❤️❤️

Reviews

There are no reviews yet.

Be the first to review “NATO ငရုတ်ကောင်း စပရေးဗူး”

Your email address will not be published. Required fields are marked *